Genres : Action, Fantasy, Adventure, Fantasy
Demographics: Shounen
Studio : Bones Film
Duration : 24 minutes per episode
Encoded by Iceberg
Review -
လွန်ခဲ့တဲ့ ၁၆ နှစ်က လူသူအရောက်အပေါက်နည်းပြီး အေးချမ်းတဲ့ တောင်ပေါ်ရွာလေးတစ်ရွာမှာ နေ့နဲ့ ည ခွဲပြီးတော့ အမြွှာကလေးနှစ်ယောက်မွေးခဲ့တယ်။ ထိုကလေးနှစ်ယောက်နာမည်ကို Yuru နဲ့ Asa လို့ မှည့်ထားပြီး လက်သည်လုပ်တဲ့ ရွာကလူကြီး အဘွားကြီးကတော့ အဲဒီလိုမွေးရင် ထူးခြားတဲ့စွမ်းအားကို ပိုင်စိုးရစေတယ်လို့ ပြောသတဲ့။
၁၆ နှစ်ကြာပြီးတဲ့နောက် ပစ္စုပ္ပန်ကာလကိုအရောက်မှာ အကြီးကောင် Yuru က တောလိုက်မုဆိုးဖြစ်ဖို့ ကြိုးစားနေပြီးတော့ အငယ်မ Asa ကတော့ လှောင်အိမ်ထဲ လှောင်ပိတ်ခံထားရပြီး လူတိုင်းနဲ့တောင် တွေ့ခွင့်မရှိဘဲ လူကြီးတွေပြောတဲ့ အထူးတာဝန်ရပ်ဆိုတာကို ထမ်းဆောင်နေရပါလေရဲ့။
အဲဒီလိုနဲ့ တစ်ရက်ကျတော့ အကြီးကောင် Yuru ကိုရှာနေတယ်ဆိုတဲ့ အပြင်ဘက်က လက်နက်ကိုင်လူစိမ်းတွေ၊ စွမ်းအားရှင်တွေက ရွာကို ရုတ်တရက် ဝင်စီးတိုက်ခိုက်ပြီး တွေ့သမျှလူအကုန် that ဖြတ်သွားတာ ရစရာမရှိအောင်ကိုပါပဲ။
ရွာဝင်စီးခံရတာကို သိသိချင်း Yuru တစ်ယောက် လှောင်အိမ်ထဲက သူ့ညီမကို စိတ်ပူလို့ အပြေးလာကြည့်ခဲ့ပေမဲ့ မြင်လိုက်ရတာကတော့ သွေးတွေအိုင်ပြီး မြေပေါ်မှာ မှောက်ရပ်လဲကျနေတဲ့ သူ့ညီမရဲ့အလောင်းပင်။ ဒါတင်မကသေးဘဲ သူ့ကိုဖမ်းဖို့ ရွာကိုဖျက်ပြီး သူ့ညီမကိုပါ that သွားတဲ့ စွမ်းအားရှင်မက၊ သူကမှ Yuru ရဲ့ညီမအရင်းပါဆိုပြီး ပြောလာတဲ့အခါမှာတော့ Yuru တစ်ယောက် စိတ်တွေကယောက်ကယက်ဖြစ်ရပါတော့တယ်။
ဆိုတော့ Yuru တို့ ရွာကိုလာတိုက်တဲ့အဖွဲ့အစည်းက ဘယ်သူတွေလဲ၊ စွမ်းအားရှင်တွေရဲ့ သဘာဝလွန်စွမ်းအားတွေကရော ဘာတွေလဲ၊ နောက်ပြီး ဒီအခြေအနေကြီးကနေ Yuru တစ်ယောက် လွတ်ရောထွက်သွားနိုင်ပါ့မလား၊ ကံသီလို့ လွတ်ထွက်သွားခဲ့ရင်တောင် နောက်ဆက်တွဲ ဘာတွေဘယ်လိုဆက်ဖြစ်အုံးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားလိုက်ပါအုံးခင်ဗျာ။
Yomi no Tsugai ဟာ MAL ရဲ့ Rating အကောင်းဆုံးနံပါတ် ၁ နေရာကို ဆယ်စုနှစ်တစ်ခုစာ ဖင်ခုထိုင်ခဲ့ဖူးတဲ့ Fullmetal Alchemist ပဲ့ကိုင်ရှင်ရဲ့ လက်ရာသစ်မို့ ဇာတ်လမ်းပိုင်းကိုတော့ စိတ်ချထားလို့ရမှာ အသေအချာပါပဲ။ ဒါကို ဝါရင့်အသံသရုပ်ဆောင်တွေအပြင်ကိုမှ Vaundy နဲ့ yama တို့ရဲ့ အဖွင့်အပိတ်သီချင်းတွေနဲ့ပါ အားဖြည့်ထားတာဆိုတော့ ဒဘလယ်ရှယ်မှာမို့ ဒီ Yomi no Tsugai ကားလေးကို ကျွန်တော်နဲ့အတူတူ လိုက်ပါစီးမျောပေးပါအုံးလို့ ဖိတ်ခေါ်လိုက်ပါတယ်။
Episode 01 MM SUB [1080p]
Mediafire | Mega
Episode 02 MM SUB [1080p]
Episode 03 MM SUB [1080p]
Episode 04 MM SUB [1080p]
Mediafire | Mega
Episode 05 MM SUB [1080p]
Mediafire | Mega
Episode 06 MM SUB [1080p]
Mediafire | Mega
Episode 07 MM SUB [1080p]
Mediafire | Mega
Episode 08 MM SUB [1080p]
Mediafire | Mega
Episode 09 MM SUB [1080p]
Mediafire | Mega
Episode 10 MM SUB [1080p]
Mediafire | Mega
Episode 11 MM SUB [1080p]
Mediafire | Mega
Episode 12 MM SUB [1080p]
Mediafire | Mega
Episode 13 MM SUB [1080p]
Mediafire | Mega
Episode 14 MM SUB [1080p]
Mediafire | Mega
Episode 15 MM SUB [1080]
Mediafire | Mega
Episode 16 MM SUB [1080p]
Mediafire | Mega
Episode 17 MM SUB [1080p]
Mediafire | Mega
Episode 18 MM SUB [1080p]
Mediafire | Mega
Episode 19 MM SUB [1080p]
Mediafire | Mega
Episode 20 MM SUB [1080p]
Mediafire | Mega


0 Comments