Detroit Metal City

Detroit Metal City (ခ) လူယဉ်ကျေးလေးများ

Episode : 12
Status : Finished
Aired : Aug 8, 2008 to Oct 28, 2008
Source : Manga
Genres : School, Comedy, Music
Duration : 13 min per ep

Translation - Rasa
Theme Songs Translation - Rasa
Kfx & Encoding - A Nge Lay
Review by Rasa

Review - ရှင်းရှင်းပြောရရင် Metal ဂီတနဲ့ပတ်သက်တဲ့ ရှာမှရှား ကားပေါ့။ ကောလိပ်တက်ဖို့ Negishi တစ်ယောက် ရွာကနေ တိုကျိုကိုတက်လာတယ်။ နုနုရွရွလေးတွေကြိုက်တဲ့သူဆိုတော့ Pop Band လေးတစ်ခုထောင်မယ်လို့ စိတ်ကူးရင်းနဲ့ပေါ့။ ဒီလိုနဲ့ ဘွဲ့ရပြီးတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ စိတ်ကူးထားတာနဲ့ပြောင်းပြန် Metal ဝိုင်းတစ်ခုထဲ ရောက်သွားပြီး အခွီတွေဖြစ်ပါတော့တယ်။ underground metal ဝိုင်းက လိဒ်ဂစ်တာသမား၊အဆိုတော်ပေါ့။ သာမန်ချိန်ဆို အခြောက်လိုလို ဘာလိုလိုကောင်လေးက မိတ်ကပ်ပြင်​ပြီး metal အဆိုတော် Krauser II ဖြစ်သွားရင် လုံးဝ ကြမ်းတမ်းရိုင်းစိုင်းသွားတာကို မြင်ရမှာပါ။ အသေလည်းခွီရပါတယ်။
demonic death metal ဝိုင်းဖြစ်တဲ့အတွက် မိစ္ဆာအယူဝါဒတွေ မြင်ရမယ်။ သီချင်းတွေကလည်း death metal ဖြစ်တာနဲ့အညီ ရှယ်ကြမ်းတယ်။ opening song နဲ့တင်သိပါလိမ့်မယ်။ metal ပရိတ်သတ်တွေအကြောင်း၊ metal ရှိုးပွဲတွေအကြောင်းကို သိခွင့်ရမယ်။ Metalhead တွေဆိုရင်တော့ သဘောတွေ့မိလိမ့်မယ်။
Parody တွေလည်းပါတယ်။ Black Sabbath ဝိုင်းက Ozzy Osborne ကြီး လင်းနို့ကိုအရှင်လတ်လတ်စားပြဖူးတာကိုလည်း parody လုပ်ထားတယ်။ ကားနာမည်ဖြစ်တဲ့ Detroit Metal Cityကဆိုတာကလည်း Kiss band ရဲ့ Detroit Rock City သီချင်း ကနေ ယူထားတယ်။ Grotesque ရဲ့ jacket ပုံမှာ Cannibal Corpse ဝိုင်းရဲ့လွှမ်းမိုးမှုတွေပါတယ်လို့ ထင်မိတယ်။ ကိုယ်တိုင်ကလည်း metalhead တစ်ယောက်မို့ မိတ်ဆွေတို့ကိုလည်း metal ပရိတ်သတ်ဖြစ်လာအောင် ဖြားယောင်းရင်း တင်ဆက်လိုက်ပါတယ်။ ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်း ခပ်ခွီခွီကားမို့ အသုံးအနှုန်းတွေကို ကြမ်းတမ်းနေအောင်ပြန်ထားပါတယ်။ ဒါလေးတော့သတိပြုပေးပါ။
ဒီ Detroit Metal City ဆိုသောဇာတ်လမ်းကို ကျွန်တော်တို့ Anime Myanmar Cafe ကနေ Bluray 1080p HEVC FLAC နဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
 
Download Links
Episode 01 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 02 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
Mediafire ( Small Size )
 
Episode 03 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 04 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 05 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 06 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 07 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
 
 
 
 
Episode 08 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 09 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 10 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 11 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
Episode 12 MM SUB [1080p HEVC 8bit] [FLAC] [Bluray]
Mediafire | Google Drive
 
 
 
 
 
 

Post a Comment

1 Comments

  1. ကြိုက်တယ် so good အား အား

    ReplyDelete