Switched

Switched MM SUB [Complete]

Review by A Nge Lay :

ဒီဇာတ်ကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ netflix ကနေထုတ်လွှင့်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Ayumi-chan ကသူ(မ) အရင်ကတည်းကကြိတ်ချစ်ခဲ့ရသူဆီကနေ ဖွင့်ပြောခံခဲ့ရပြီး date ဖိုအတွက် ချိန်းထားတဲ့နေရာကိုသွားခဲ့ပါတယ်။ ထိုနေ့မှာတင် သူမတိုရဲ့မြိုမှာ သွေးရောင်ကဲ့သို နီမြန်းနေတဲ့ လအနီရောင် နေ့ခင်းကြောင်တောင်မှာ ထွက်ပေါ်နေခဲ့ပါတယ်။ သူမဆီကို သူမရဲ့ အတန်းဖော်ဖြစ်တဲ့ Zenko Umine ဆီကနေဖုန်းဝင်လာပါတယ်။ သူ(မ)ဟာ တိုက်ပေါ်ကနေခုန်ချပြီး သတ်သေတော့မယ့် အကြောင်းကို Ayumi-chan ကိုပြောပြပါတော့တယ်။ ဒါပေမယ့် Zenko Umine တိုက်ပေါ်ကနေခုန်ချပြီးသတ်သေတာကို အံ့ဩထိတ်လန့်စွာကြည့်နေတဲ့ Ayumi-chan ကအဲ့အချိန်မှာတင်မေ့လဲသွားပါတော့တယ်။ မေ့လဲပြီး Ayumi-chan ကဆေးရုံကိုရောက်ရှိနေပြီး သူမကိုယ်သူမ Ayumi-chan မဟုတ်တော့ပဲ Zenko Umine ဖြစ်နေတာကို သိရှိပြီးတဲ့နောက်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ဤဇာတ်ကားကို ကျွန်တော်တို Anime Myanmar Cafe မှအမျိုးသမီး Translator ဖြစ်တဲ့ Momoko မှတာဝန်ယူ ဘာသာပြန်ဆိုသွားမှာပဲဖြစ်ပါတယ်။

Translator - Momoko
Encoder - A Nge Lay

Download Link - 

Episode 01 - Mega / Mediafire / Terabox

Episode 02 - Mega / Mediafire / Terabox

Episode 03 - Mega / Mediafire / Terabox

Episode 04 - Mega / Mediafire / Terabox

 ကျွန်တော်တို့ ဘာသာပြန်တင်ဆက်ထားတဲ့ Anime Series များအား ကိုယ်ကျိုးစီးပွားအတွက်
ရောင်းချခြင်းကို လုံးဝခွင့်မပြုပါဘူး။ အမှန်တကယ်စင်စစ် အားပေးလိုလျှင် ကျွန်တော်တို့၏ facebook page ကိုသာ အရောက်လှမ်းခဲ့ကြပါ။

Link တွေကို နောက်ပြီးမှ ပြန်ပြီး ဖြည့်ပေးပါ့မယ်။

Post a Comment

0 Comments